အရေးကြီးအချက်အလက်! ကျေးဇူးပြု၍ ဖောက်သည်သဘောတူညီချက် အရ ထည့်စဉ်းစားပါ: ဖောက်သည်သည် သူတို့၏အကောင့်မှ ငွေသွင်းရန် အသုံးပြုထားသော ငွေပေးချေမှုစနစ်များသို့သာ ငွေများကို ထုတ်ယူနိုင်သည်။
ပြည်တွင်းဘဏ်များရနိုင်သော ဒေသများတွင်၊ နောက်ပိုင်း (အမြတ်များ၊ အပိုဆုငွေများ၊ ဆုများ၊ ပါတနာကော်မရှင် စသည်တို့အား) ပြည်တွင်းဘဏ်များတွင်သာ ထုတ်ယူသင့်ပါသည်။ ပါစင်နယ်ဧရိယာတွင် ပြည်တွင်းဘဏ်များ မရ နိုင်ပါက၊ အမြတ်များကို e-walletများ (သို့) ငွေလဲလှယ်ရောင်းချသူများမှတဆင့် ထုတ်ယူနိုင်ပါသည်။
ထို့အပြင် ဖောက်သည်သည် ငွေကြေးလုပ်ဆောင်ချက်များအတွင်း ဒစ်ဂျစ်တယ်/အယောင်ပြ ငွေကြေးများသုံးပါက၊ ဖောက်သည် ငွေထုတ်ယူချိန်တွင် ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုစီအတွက် သီးသန့် walletတစ်ခုသာ သုံးရန်တာဝန်ယူရမည်။
ပါစင်နယ်ဧရိယာ ရှိ သင့်အကောင့်တွင် ငွေထုတ်ယူနိုင်ပါသည်။
- စာမျက်နှာထိပ်နားရှိ "ငွေကြေးများ"ကို နှိပ်ပါ။
- "ငွေထုတ်ယူပါ" ကိုရွေးပါ။
- သင့်လျော်သော ငွေပေးချေမှုစနစ်ကို ရွေးချယ်ပြီး ၎င်းကိုနှိပ်ပါ။
- သင်ငွေထုတ်လိုသော အရောင်းအဝယ်အကောင့်ကို သတ်မှတ်ပါ။
- သင်၏ e-wallet သို့မဟုတ် ငွေပေးချေမှုစနစ်အကောင့်အကြောင်း အချက်အလက်ကို သတ်မှတ်ပါ။
ကတ်မှတစ်ဆင့် ငွေထုတ်ရန်အတွက် သင့်ကတ်မိတ္တူ၏ နောက်ကျောနှင့် ရှေ့ခြမ်းကိုတင်ပေးရန် “+” သင်္ကေတကို နှိပ်ပါ။ - သင်ထုတ်လိုသော ငွေပမာဏကိုရေးပါ။
- "ငွေထုတ်ယူမှု အတည်ပြုပါ" ခလုတ်ကိုနှိပ်ပါ။
ကျေးဇူးပြု၍ ငွေထုတ်ယူမှုကော်မရှင်ခသည် သင်ရွေးလိုက်သော ငွေချေစနစ်ပေါ်တွင် မူတည်ကြောင်း ထည့်စဉ်းစားပေးပါ။
ငွေထုတ်ခြင်း လုပ်ငန်းစဉ် အချိန် သည်လည်း ငွေပေးချေမှုစနစ်ပေါ်တွင် မူတည်ပါသည်။
ငွေအလွှဲအပြောင်းမှတ်တမ်း တွင် သင့်ငွေကြေးတောင်းဆိုမှုများ၏ အခြေအနေကို သင်စောင့်ကြည့်နိုင်မည်ဖြစ်သည်။
ဖောက်သည်သဘောတူညီချက်:
၅.၂.၈ အရ ကျေးဇူးပြု၍ သင့်အားအသိပေးပါရစေ။ အကောင့်ထံ debit (သို့) credit ကဒ်မှငွေထည့်ခဲ့ပါက၊ ငွေထုတ်ယူရန် ကဒ်မိတ္တူလိုအပ်ပါသည်။ မိတ္တူတွင် ကဒ်နံပါတ် ပထမ ၆လုံးနှင့် နောက်ဆုံး ၄လုံး၊ ကဒ်ကိုင်ဆောင်သူ အမည်၊ သက်တမ်းကုန်ဆုံးရက်နှင့် ကိုင်ဆောင်သူ၏ လက်မှတ်ပါရမည်။
ကဒ်နောက်ကျောဘက်ရှိ CVVကုဒ်ကို ဖုံးထားသင့်ပါသည်; ကျွန်ုပ်တို့မလိုအပ်ပါ။
ကဒ်နောက်ကျောဘက်တွင်၊ ကဒ်သက်တမ်းကို အတည်ပြုပေးမည့် အမှတ်အသားကိုသာ ကြည့်ရန်လိုပါသည်။