FBS သည် သုံးစွဲသူများ၏ ခရက်ဒစ်နှင့် ဒက်ဘစ်ကတ်များမှငွေများကို ကုမ္ပဏီထံသို့ လွှဲပြောင်းရန် ဖျန်ဖြေသူ ကုမ္ပဏီ၏ဝန်ဆောင်မှုများကို အသုံးပြုကြောင်း ကျေးဇူးပြု၍ အသိပေးအပ်ပါသည်။
ဆိုလိုသည်မှာ စနစ်သည် လုပ်ငန်းစဉ်တွင် ပြင်ပအဖွဲ့အစည်းတစ်ခုအနေဖြင့် လုပ်ဆောင်နေပြီး တစ်ဦးချင်းကိစ္စများတွင် ကျွန်ုပ်တို့၏ဖောက်သည်များ၏ အရောင်းအ၀ယ်အချို့ကို ငြင်းပယ်ခွင့်ကို ကန့်သတ်ပိုင်ခွင့်ရှိသည်။
ဤသည်မှာ ဒက်ဘစ်/ခရက်ဒစ်ကတ်များ အပ်နှံမှုကို ငြင်းပယ်နိုင်သည့် မကြာခဏ အကြောင်းရင်းများစာရင်းဖြစ်သည်:
- ကဒ်တွင် ဖောက်သည်၏နာမည်မရှိပါ။
- ဖောက်သည်မှ အခြားနိုင်ငံငွေထည့်ရန် ကြိုးစားနေချိန်တွင် ကဒ်အား တခြားနိုင်ငံတွင်ထုတ်ထားခြင်းဖြစ်သည်။ ကဒ်အား ထုတ်ထားသောနိုင်ငံတွင်သာ အသုံးပြု၍ရပါမည်။
- ကဒ်သည် ဖောက်သည် (ဖောက်သည်သည် ကဒ်ကိုင်ဆောင်သူမဟုတ်ပါ) နှင့်မသက်ဆိုင်ပါ။
- ကဒ်ပေါ်ရှိအမည်သည် FBS အကောင့်ရှိ ဖောက်သည်၏အမည်နှင့် မတူပါ (ဖောက်သည်သည် ပရိုဖိုင်တွင် အမည်အပြည့်အစုံမဖော်ပြပါက၊ ဤအမှားဖြစ်နိုင်သည်)။
- ငွေပေးချေစနစ်မှ လိမ်လည်မှုအချို့ တွေ့ရှိထားပါသည်။
- 3D လုံခြုံရေးအတည်ပြုချက်မပါသည့် ကဒ်ဖြင့်ငွေပေးချေမှုကို အလိုအလျောက်ပယ်ချသွားပါမည်။ သင်၏ဘဏ် (သို့) ကဒ်ကုမ္ပဏီကို ဆက်သွယ်ပါက 3D လုံခြုံရေးဆောင်ရွက်ချက်ကို ဖွင့်နိုင်မှာဖြစ်သည်။
ငွေပေးချေမှုစနစ်သည် ၎င်းတို့၏အတွင်းပိုင်းအကြောင်းရင်းများကြောင့် ငွေပေးချေမှုကို ငြင်းပယ်သည့်အထဲတွင် သင့်ကိစ္စသည် တစ်ခုဖြစ်ပုံရသည်။ ကံမကောင်းစွာ၊ ငွေပေးချေမှုစနစ်တွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ အတိအကျမဖော်ပြထားပေမယ့် သင်၏FBS အကောင့်ထံငွေထည့်ရန် သင့်ခရက်ဒစ်ကတ်ကို လက်မခံနိုင်ဘူးဟု ထင်ရပါတယ်။
အဆင်မပြေမှုအတွက် တောင်းပန်ပြီး ငွေသွင်းရန်အတွက် မတူညီသော ခရက်ဒစ်/ဒက်ဘစ်ကတ် (သို့) အခြားငွေပေးချေမှုစနစ်ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။
ငွေကြေးများတွင် ရနိုင်သည့်စနစ်များထဲမှ တစ်ခုကိုရွေးနိုင်ပါသည်။
နားလည်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်!
ထို့အပြင်၊ သင်သည် ခရက်ဒစ်/ဒက်ဘစ်ကတ်မှတစ်ဆင့် ငွေသွင်းသည့်အခါ၊ ကတ်ကိုင်ဆောင်သူ၏အမည် (ကတ်ပေါ်တွင်ရေးထားသည့်အတိုင်း)သည် အရောင်းအ၀ယ်အကောင့်ပိုင်ရှင်အမည်နှင့် ကိုက်ညီမှုရှိရမည်ကို ကျေးဇူးပြု၍သတိပြုပါ။ ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်းမှ ငွေပေးချေမှုများကို လက်မခံပါ၊ ဆိုလိုသည်မှာ၊ ကံမကောင်းစွာ သင်သည် အခြားသူတစ်ဦး၏ ကတ်တစ်ခုမှတစ်ဆင့် ငွေသွင်း၍မရပါ။
သတိပေးချက်: ငွေကြေးများ (ငွေအလွှဲအပြောင်းမှတ်တမ်း)တွင် သင့်ငွေပေးငွေယူအခြေအနေကို စစ်ဆေးနိုင်ပါသည်။