မေးချင်တာရှိပါသလား? အဖြေရှိပါတယ်

Categories

FAQ

  • အရောင်းအဝယ်စကားဝှက် (မိုဘိုင်း ပါစင်နယ်ဧရိယာ)ကို မေ့သွားပါသည်

    အရောင်းအဝယ်အကောင့်စကားဝှက် ပြန်လည်ရယူရန်၊ ကျေးဇူးပြု၍ ဒက်ရှ်ဘုတ်ဇယားရှိ အရောင်းအဝယ်အကောင့်ကို နှိပ်ပါ။

    mceclip0.png

    ဖွင့်ထားသော အကောင့်ဆက်တင်စာမျက်နှာတွင် "MetaTrader ဆက်တင်" ကဏ္ဍရှိ "MetaTrader စကားဝှက်ပြောင်းပါ" ခလုတ်ကို သင်တွေ့ရပါမည်။

    mceclip1.png

    ခလုတ်နှိပ်ခြင်းဖြင့်၊ သတိပေးဝင်းဒိုးပေါ်လာတာ တွေ့ရပါမည်။ ဤအကောင့်အတွက် အရောင်းအဝယ်စကားဝှက်အသစ်တစ်ခု ဖန်တီးလိုကြောင်း သေချာပါက "OK" ခလုတ်ကို နှိပ်ပါ။

    အရောင်းအဝယ် အကောင့်အချက်အလက်သစ်နှင့် စာမျက်နှာသစ်ကိုတွေ့ရလိမ့်မည်။

  • ဖုန်းနံပါတ် ဘယ်လိုအတည်ပြုရမလဲ?

    ကျေးဇူးပြု၍ ဖုန်းအတည်ပြုခြင်းလုပ်ငန်းစဉ်သည် ရွေးချယ်နိုင်သည်၊ ထို့ကြောင့် သင်သည် အီးမေးလ်အတည်ပြုချက်တွင်ပဲနေကာ၊ သင့်ဖုန်းနံပါတ်ကို အတည်ပြုခြင်းကို ကျော်သွားနိုင်သည်။

    သင်သည် ပါစင်နယ်ဧရိယာတွင် နံပါတ်ကိုတွဲလိုပါက၊ သင်၏ပါစင်နယ်ဧရိယာသို့ ဝင်ရောက်ပြီး "အတည်ပြုခြင်းဆိုင်ရာ လုပ်ဆောင်မှု" ဝိဂျက်ရှိ "ဖုန်းအတည်ပြုပါ" ခလုတ်ကို နှိပ်ပါ။

    Screenshot_245.png

    ဖုန်းနံပါတ်ထည့်ပြီး၊ "SMS ကုဒ်ပေးပို့ပါ" ခလုတ်ကိုနှိပ်ပါ။

    Screenshot_246.png

    ထို့နောက် ပေးထားသည့်အကွက်တွင် ထည့်သင့်သည့် SMS ကုဒ်တစ်ခုကို လက်ခံရရှိပါမည်။


    Screenshot_247.png

    ဖုန်းအတည်ပြုခြင်းဆိုင်ရာ အခက်အခဲများတွေ့ရပါက၊ ပထမဦးစွာ၊ ကျေးဇူးပြု၍ သင်ထည့်သွင်းထားသောဖုန်းနံပါတ်၏မှန်ကန်မှုကိုစစ်ဆေးပါ။

    ဤတွင် ထည့်သွင်းစဉ်းစားရန် အကြံပြုချက်အချို့ ဖြစ်ပါသည်:

    • သင့်ဖုန်းနံပါတ်၏အစတွင် "0" ဟုရိုက်ထည့်ရန်မလိုအပ်ပါး
    • နိုင်ငံကုဒ်ကို ကိုယ်တိုင်ထည့်စရာမလိုပါ။ ဆွဲချသည့်မီနူးတွင် မှန်ကန်သောနိုင်ငံကို ရွေးချယ်ပြီးသည်နှင့် စနစ်သည်၎င်းကိုအလိုအလျောက်သတ်မှတ်ပေးလိမ့်မည် (ဖုန်းနံပါတ်အကွက်၏ရှေ့တွင်အလံများနှင့်ပြထားသည်)
    • ကုဒ်ရောက်ရန် အနည်းဆုံး ၅မိနစ်စောင့်ရပါမည်။

    သင်သည် အရာအားလုံးကို မှန်ကန်စွာ လုပ်ဆောင်ပြီးသော်လည်း SMS ကုဒ်ကို မရရှိသေးကြောင်း သေချာပါက၊ အခြားဖုန်းနံပါတ်ကို စမ်းသုံးကြည့်ရန် အကြံပြုလိုပါသည်။ ပြဿနာသည် သင့်ကိုဝန်ဆောင်မှုပေးသည့်ဘက်တွင် ဖြစ်နိုင်သည်။ ထိုကိစ္စအတွက် အကွက်ထဲတွင် အခြားဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်ပြီး အတည်ပြုကုဒ်ကို တောင်းဆိုပါ။

    ထို့အပြင် သင်သည် အသံဖြင့် အတည်ပြုခြင်း မှတစ်ဆင့် ကုဒ်ကို တောင်းဆိုနိုင်သည်။
    ထိုသို့ပြုလုပ်ရန် သင်သည် ကုဒ်တောင်းဆိုမှုမှ ၅မိနစ်ခန့် စောင့်ရမည်ဖြစ်ပြီး "အတည်ပြုကုဒ်ပါသော အသံခေါ်ဆိုမှုရယူရန် ပြန်ခေါ်ဆိုမှုကို တောင်းဆိုပါ" ခလုတ်ကို နှိပ်ပါ။ စာမျက်နှာသည် ဒီလိုပုံဖြစ်နေလိမ့်မည်:

    Screenshot_233.png

    သင့်ပရိုဖိုင်ကို အတည်ပြုပြီးမှသာ အသံကုဒ်တစ်ခုတောင်းဆိုနိုင်သည်ကို ထည့်သွင်းစဉ်းစားပါ။

  • ငွေဘယ်လိုထည့်ရမလဲ?

    ပါစင်နယ်ဧရိယာ ရှိ သင့်အကောင့်တွင် ငွေထည့်နိုင်ပါသည်။

    1. စာမျက်နှာထိပ်နားရှိ "ငွေကြေးများ"ကို နှိပ်ပါ။
      mceclip0.png
    2. "ငွေသွင်းပါ" ကိုရွေးပါ။
    3. သင့်လျော်သော ငွေပေးချေမှုစနစ်ကို ရွေးချယ်ပြီး ၎င်းကိုနှိပ်ပါ။
    4. သင်ငွေသွင်းလိုသော အရောင်းအဝယ်အကောင့်ကို သတ်မှတ်ပါ။
    5. လိုအပ်ပါက သင်၏ e-wallet (သို့) ငွေပေးချေမှုစနစ်အကောင့်အကြောင်း အချက်အလက်ကိုသတ်မှတ်ပါ။
    6. သင်သွင်းလိုသော ငွေပမာဏကိုရေးပါ။
    7. ငွေကြေးရွေးပါ။
    8. "ငွေသွင်းပါ" ခလုတ်ကိုနှိပ်ပါ။

    ငွေထုတ်ခြင်းနှင့် အတွင်းပိုင်းလွှဲပြောင်းခြင်းများကို တူညီသောပုံစံဖြင့် လုပ်ဆောင်ပါသည်။

    ငွေအလွှဲအပြောင်းမှတ်တမ်း တွင် သင့်ငွေကြေးတောင်းဆိုမှုများ၏ အခြေအနေကို သင်စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    အရေးကြီးအချက်အလက်!ကျေးဇူးပြု၍ ဖောက်သည်သဘောတူညီချက်အရ: ဖောက်သည်တစ်ဦးသည် ထည့်သွင်းစဉ်က အသုံးပြုခဲ့သော ငွေပေးချေစနစ်ကိုသုံး၍သာ သူ/သူမ၏အကောင့်မှငွေများအားထုတ်ယူနိုင်ကြောင်း ထည့်စဉ်းစားပါ။ ပြည်တွင်းဘဏ်များရနိုင်သော ဒေသများတွင်၊ နောက်ပိုင်း (အမြတ်များ၊ အပိုဆုငွေများ၊ ဆုများ၊ ပါတနာကော်မရှင် စသည်တို့အား) ပြည်တွင်းဘဏ်များတွင်သာ ထုတ်ယူသင့်ပါသည်။ ပါစင်နယ်ဧရိယာတွင် ပြည်တွင်းဘဏ်များ မရနိုင်ပါက၊ အမြတ်များကို e-walletများ (သို့) ငွေလဲလှယ်ရောင်းချသူများမှတဆင့် ထုတ်ယူနိုင်ပါသည်။

    FBS Trader (သို့) FBS CopyTrade ကဲ့သို့သော FBS အက်ပ်များသို့ ငွေသွင်းရန်အတွက် လိုအပ်သောလျှောက်လွှာတွင် အပ်ငွေတောင်းခံမှုတစ်ခုပြုလုပ်ရန် လိုအပ်ကြောင်း ကျေးဇူးပြု၍ အသိပေးအပ်ပါသည်။ သင်၏ MetaTrader အကောင့်များနှင့် FBS CopyTrade / FBS Trader အကောင့်များကြားတွင် ငွေလွှဲပြောင်းခြင်း မဖြစ်နိုင်ပါ။

  • FBS ပါစင်နယ်ဧရိယာ (ဝဘ်)တွင် အနိမ့်ဆုံးထည့်ငွေပမာဏက ဘာလဲ?

    ကျေးဇူးပြု၍ မတူညီသော အကောင့်အမျိုးအစားအသီးသီးအတွက် အောက်ပါထည့်ငွေအကြံပြုချက်များကို ထည့်စဉ်းစားပါ:

    • "ဆင့်" အကောင့်အတွက် အနိမ့်ဆုံးထည့်ငွေမှာ ၁ USD;
    • "မိုက်ခရို" အကောင့်အတွက် - ၅ USD;
    • "စံ" အကောင့်အတွက် - ၁၀၀ USD;
    • "သုည ကြေးအဟ" အကောင့်အတွက် – ၅၀၀ USD;
    • "ECN" အကောင့်အတွက် - ၁၀၀၀ USD;
    • "ခရစ်တို" အကောင့်အတွက် - ၁ USD။

    ကျေးဇူးပြု၍ ဤဟာများသည် အကြံပြုချက်များသာဖြစ်ကြောင်း အသိပေးပါရစေ။ အနိမ့်ဆုံးထည့်ငွေပမာဏမှာ၊ ယေဘုယျအားဖြင့်၊ $၁ ဖြစ်သည်။ ကျေးဇူးပြု၍ Neteller၊ Skrill (သို့) Perfect Money ကဲ့သို့သော အချို့သော အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များအတွက် အနည်းဆုံး အပ်ငွေမှာ $၁၀ ဖြစ်သည်ဟု သုံးသပ်ပါ။ ထို့အပြင်၊ bitcoin ငွေပေးချေမှုနည်းလမ်းအတွက်၊ အနည်းဆုံးအကြံပြုထားသောအပ်ငွေမှာ $၅ ဖြစ်သည်။ ပမာဏနည်းသောထည့်ငွေများကို ကိုယ်တိုင်လုပ်ဆောင်ပြီး ပိုကြာနိုင်ကြောင်း သင့်အား သတိပေးလိုပါသည်။

    သင့်အကောင့်တွင် အော်ဒါဖွင့်ရန် ဘယ်လောက်လိုကြောင်းသိရန်၊ ကျွန်တော်တို့ဝဘ်ဆိုဒ်တွင် ရောင်းဝယ်သူ၏ တွက်ချက်စက် ကိုသုံးနိုင်ပါသည်။

  • ဘယ်လိုထုတ်ယူနိုင်မလဲ?

    အရေးကြီးအချက်အလက်!ကျေးဇူးပြု၍ ဖောက်သည်သဘောတူညီချက်အရ: ဖောက်သည်တစ်ဦးသည် ထည့်သွင်းစဉ်က အသုံးပြုခဲ့သော ငွေပေးချေစနစ်ကိုသုံး၍သာ သူ/သူမ၏အကောင့်မှငွေများအားထုတ်ယူနိုင်ကြောင်း ထည့်စဉ်းစားပါ။
    ပြည်တွင်းဘဏ်များရနိုင်သော ဒေသများတွင်၊ နောက်ပိုင်း (အမြတ်များ၊ အပိုဆုငွေများ၊ ဆုများ၊ ပါတနာကော်မရှင် စသည်တို့အား) ပြည်တွင်းဘဏ်များတွင်သာ ထုတ်ယူသင့်ပါသည်။ ပါစင်နယ်ဧရိယာတွင် ပြည်တွင်းဘဏ်များ မရ နိုင်ပါက၊ အမြတ်များကို e-walletများ (သို့) ငွေလဲလှယ်ရောင်းချသူများမှတဆင့် ထုတ်ယူနိုင်ပါသည်။
    ထို့အပြင် ဖောက်သည်သည် ငွေကြေးလုပ်ဆောင်ချက်များအတွင်း ဒစ်ဂျစ်တယ်/အယောင်ပြ ငွေကြေးများသုံးပါက၊ ဖောက်သည် ငွေထုတ်ယူချိန်တွင် ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုစီအတွက် သီးသန့် walletတစ်ခုသာ သုံးရန်တာဝန်ယူရမည်။

    ပါစင်နယ်ဧရိယာ ရှိ သင့်အကောင့်တွင် ငွေထုတ်ယူနိုင်ပါသည်။

    1. စာမျက်နှာထိပ်နားရှိ "ငွေကြေးများ"ကို နှိပ်ပါ။
      mceclip0.png
    2. "ငွေထုတ်ယူပါ" ကိုရွေးပါ။
    3. သင့်လျော်သော ငွေပေးချေမှုစနစ်ကို ရွေးချယ်ပြီး ၎င်းကိုနှိပ်ပါ။
    4. သင်ငွေထုတ်လိုသော အရောင်းအဝယ်အကောင့်ကို သတ်မှတ်ပါ။
    5. သင်၏ e-wallet သို့မဟုတ် ငွေပေးချေမှုစနစ်အကောင့်အကြောင်း အချက်အလက်ကို သတ်မှတ်ပါ။
      ကတ်မှတစ်ဆင့် ငွေထုတ်ရန်အတွက် သင့်ကတ်မိတ္တူ၏ နောက်ကျောနှင့် ရှေ့ခြမ်းကိုတင်ပေးရန် “+” သင်္ကေတကို နှိပ်ပါ။
    6. သင်ထုတ်လိုသော ငွေပမာဏကိုရေးပါ။
    7. "ငွေထုတ်ယူမှု အတည်ပြုပါ" ခလုတ်ကိုနှိပ်ပါ။

    ကျေးဇူးပြု၍ ငွေထုတ်ယူမှုကော်မရှင်ခသည် သင်ရွေးလိုက်သော ငွေချေစနစ်ပေါ်တွင် မူတည်ကြောင်း ထည့်စဉ်းစားပေးပါ။

    ငွေထုတ်ခြင်း လုပ်ငန်းစဉ် အချိန် သည်လည်း ငွေပေးချေမှုစနစ်ပေါ်တွင် မူတည်ပါသည်။

    ငွေအလွှဲအပြောင်းမှတ်တမ်း တွင် သင့်ငွေကြေးတောင်းဆိုမှုများ၏ အခြေအနေကို သင်စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    ဖောက်သည်သဘောတူညီချက်:
    ၅.၂.၇ အရ ကျေးဇူးပြု၍ သင့်အားအသိပေးပါရစေ။ အကောင့်ထံ debit (သို့) credit ကဒ်မှငွေထည့်ခဲ့ပါက၊ ငွေထုတ်ယူရန် ကဒ်မိတ္တူလိုအပ်ပါသည်။ မိတ္တူတွင် ကဒ်နံပါတ် ပထမ ၆လုံးနှင့် နောက်ဆုံး ၄လုံး၊ ကဒ်ကိုင်ဆောင်သူ အမည်၊ သက်တမ်းကုန်ဆုံးရက်နှင့် ကိုင်ဆောင်သူ၏ လက်မှတ်ပါရမည်။

    ကဒ်နောက်ကျောဘက်ရှိ CVVကုဒ်ကို ဖုံးထားသင့်ပါသည်; ကျွန်ုပ်တို့မလိုအပ်ပါ။
    ကဒ်နောက်ကျောဘက်တွင်၊ ကဒ်သက်တမ်းကို အတည်ပြုပေးမည့် အမှတ်အသားကိုသာ ကြည့်ရန်လိုပါသည်။

  • အရောင်းအဝယ် စကားဝှက်မေ့နေသည်

    အရောင်းအဝယ်အကောင့်စကားဝှက် ပြန်လည်ရယူလိုပါက၊ ကျေးဇူးပြု၍ ပါစင်နယ်ဧရိယာ ကိုအကောင့်ဝင်ပြီး၊ ဒက်ရှ်ဘုတ်ဇယားရှိ သင်၏ အရောင်းအဝယ်အကောင့်ကိုနှိပ်ပါ။

    mceclip0.png

    ဖွင့်ထားသောအကောင့်ဆက်တင်များစာမျက်နှာတွင် "MT ဆာဗာ" ကဏ္ဍရှိ "MT4/5 စကားဝှက်အသစ်ထုတ်ပါ" ရွေးချယ်မှုကို သင်တွေ့ရပါမည်။

    Screenshot_249.png

    ခလုတ်နှိပ်ခြင်းဖြင့်၊ သတိပေးဝင်းဒိုးပေါ်လာတာ တွေ့ရပါမည်။ ဤအကောင့်အတွက် အရောင်းအဝယ်စကားဝှက်အသစ်တစ်ခု ဖန်တီးလိုကြောင်း သေချာပါက "အတည်ပြုပါ" ခလုတ်ကို နှိပ်ပါ။

    Screenshot_250.png

    အရောင်းအဝယ် အကောင့်အချက်အလက်သစ်နှင့် စာမျက်နှာသစ်ကိုတွေ့ရလိမ့်မည်။

  • ငွေထုတ်ယူရန် အချိန်မည်မျှကြာမည်နည်း?

    ကုမ္ပဏီ၏ဘဏ္ဍာရေးဌာနသည် ဖောက်သည်များ၏ ငွေထုတ်ခြင်း တောင်းဆိုချက်များကို ဦးရာလူစနစ်ဖြင့် ဆောင်ရွက်ပေးကြောင်း ကျေးဇူးပြု၍ ထည့်စဉ်းစားပေးပါ။

    ကျွန်ုပ်တို့၏ဘဏ္ဍာရေးဌာနသည် ငွေထုတ်ရန်တောင်းဆိုမှုကို အတည်ပြုသည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့ဘက်မှ ရန်ပုံငွေများကို ပေးပို့ပါသည်၊ သို့သော် ၎င်းကို ဆက်လက်လုပ်ဆောင်ရန် ငွေပေးချေမှုစနစ် တွင် မူတည်ပါသည်။

    • အီလက်ထရွန်နစ် ငွေပေးချေစနစ် ငွေထုတ်ယူမှုများ (Skrill, Perfect Money စသဖြင့်။) ချက်ချင်းထည့်ပေးသွားသင့်သည်၊ သို့သော် တစ်ခါတစ်ရံတွင် ၃၀မိနစ်ထိ ကြာနိုင်ပါသည်။
    • သင်၏ကတ်သို့ ငွေထုတ်ခဲ့ပါက၊ ကျေးဇူးပြု၍ ငွေများထည့်သွင်းရန် ပျမ်းမျှအားဖြင့် ၃-၄ လုပ်ငန်းရက်ကြာနိုင်ကြောင်း အသိပေးလိုပါသည်။
    • ဘဏ်ငွေလွှဲငွေထုတ်ယူမှုများကို ပုံမှန်အားဖြင့် ၇-၁၀ လုပ်ငန်းရက်အတွင်း ဆောင်ရွက်သွားပါမည်။
    • ကမ္ဘာတစ်ဝှမ်းရှိ ဘစ်ကွိုင်အရောင်းအ၀ယ်အားလုံးကို အတူတကွဆောင်ရွက်သောကြောင့် ဘစ်ကွိုင်walletသို့ ငွေထုတ်ရာတွင် မိနစ်အနည်းငယ်မှ ရက်အနည်းငယ်အထိ ကြာနိုင်ပါသည်။ လူအများမှ ငွေအလွှဲအပြောင်းတောင်းဆိုမှု တစ်ချိန်တည်းပြုလေ၊ ငွေလွှဲပြောင်းချိန် ပိုကြာလေဖြစ်သည်။

    ငွေပေးချေမှုအားလုံးကို ဘဏ္ဍာရေးဌာန၏ အလုပ်ချိန်အတွင်းအရသာ ဆောင်ရွက်ပါသည်။
    FBS ဘဏ္ဍာရေးဌာန၏ အလုပ်ချိန်များမှာ: တနင်္ဂနွေနေ့ ၁၉:၀၀ (GMT+3) မှ သောကြာနေ့ ၂၂:၀၀ (GMT +3) နှင့်  စနေနေ့တွင် ၀၈:၀၀ (GMT+3) မှ ၁၇:၀၀  (GMT+3)။

    ကျေးဇူးပြု၍ ငွေအလွှဲအပြောင်းမှတ်တမ်း တွင် သင့်ဘဏ္ဍာရေးတောင်းဆိုမှုများ၏ အခြေအနေကို စောင့်ကြည့်နိုင်ကြောင်း အသိပေးအပ်ပါသည်။

  • အရောင်းအဝယ်အကောင့်တွင် အကောင့်ဘယ်လိုဝင်ရမလဲ?

    သင်၏ MetaTrader တွင် "ချိတ်ဆက်မှုမရှိပါ" အမှားအယွင်းရှိပါက ချိတ်ဆက်မှုအား မည်သို့သတ်မှတ်ရမည်နည်း:

    1. "ဖိုင်" (MetaTrader ရှိ ဘယ်ဘက်အပေါ်ထောင့်)ကိုနှိပ်ပါ။
    2. "အရောင်းအဝယ်အကောင့်ဝင်ပါ" ကိုရွေးပါ။
    3. အကောင့်နံပါတ်ကို "အကောင့်ဝင်ပါ" ကဏ္ဍတွင် ထည့်သွင်းပါ။
    4. အရောင်းအဝယ်စကားဝှက် (အရောင်းအဝယ်ပြုလုပ်ရန်) သို့မဟုတ် မြုပ်နှံသူစကားဝှက် (လုပ်ဆောင်ချက်ကို စောင့်ကြည့်ရန်အတွက်သာ၊ မှာယူမှုရွေးချယ်ခွင့်ကို ပိတ်ထားပါမည်) "စကားဝှက်" ကဏ္ဍသို့ ထည့်သွင်းပါ။
    5. "ဆာဗာ" ကဏ္ဍတွင် အကြံပြုထားသော စာရင်းမှ သင့်လျော်သော ဆာဗာအမည်ကိုရွေးချယ်ပါ။

      ကျေးဇူးပြု၍ အကောင့်ဖွင့်ချိန်တွင် သင့်အား ဆာဗာနံပါတ်ကို ပေးထားကြောင်း ကျေးဇူးပြု၍ အသိပေးအပ်ပါသည်။ သင့်ဆာဗာနံပါတ်ကို မမှတ်မိပါက၊ သင်၏ အရောင်းအဝယ်စကားဝှက်ကို ပြန်လည်ရယူနေချိန်တွင် ၎င်းကို စစ်ဆေးနိုင်ပါသည်။
      ထို့အပြင်၊ ၎င်းကို ရွေးချယ်မည့်အစား ဆာဗာလိပ်စာကို ကိုယ်တိုင်ထည့်သွင်းနိုင်သည်။
ဆောင်းပါးများ ပိုမိုဖတ်ရှုပါ

၁၀၀% အရင်းအနှီး အပိုဆု

Forex အရောင်းအဝယ်မှ အကောင်းဆုံးရယူလိုက်ပါ! ပိုမိုလေ့လာပါ

ဆက်သွယ်လိုပါသလား?

ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ၊ သင်သိလိုသမျှဖြေကြားပြီး၊ တောင်းဆိုထားသော ဆောင်းပါးကို ထည့်ပေးပါမည်

  • ဒေသခံ စကားပြောသူများ
  • ၂၄/၇ ဝန်ဆောင်မှု
တောင်းဆိုလိုသည့်ကိစ္စကို ပေးပို့ပါ။